ရှေ့သို့
Image

ဘရိုက်တန်ကို ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယံခြေစွမ်းပြသခဲ့တဲ့ မန်စီးတီး

3:42 AM, 26 April

ဘရိုက်တန် ဝ-၄ မန်စီးတီး (ပွဲပြီးရလဒ်)
ဒီဘရိုင်း ၁၇ မိနစ်
ဖိုဒန် ၂၆ မိနစ်
ဖိုဒန် ၃၄ မိနစ်
အယ်လ်ဗာရက်ဇ် ၆၂ မိနစ်

ပထမပိုင်းမှာပဲ သုံးဂိုးပြတ်ဦးဆောင်ထားနိုင်တဲ့ မန်စီးတီးအတွက် ဒုတိယပိုင်းပွဲချိန်တွေက သိပ်ပြီးရင်ခုန်စရာ မကောင်းခဲ့ပါဘူး။ အခုပွဲစဉ်မှာ မန်စီးတီးအတွက် ဖိုဒန်၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်းနဲ့ အီဒါဆန်တို့ အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး အသင်းကို ဦးဆောင်မောင်းနှင်ပေးခဲ့ပါတယ်။ တဖက်မှာတော့ ဘရိုက်တန်က လူငယ်ကစားသမားလေးတွေရဲ့အားနဲ့ လက်ရှိချန်ပီယံတို့ကို ခံတိုက်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဂိုးပြတ်အရှုံးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်စီးတီးက အမှတ်ပေးဇယားဦးဆောင်သူအာဆင်နယ်ကို တစ်ပွဲလျော့၊ တစ်မှတ်အကွာဖြင့် အနီးကပ်ဖိအားပေးနိုင်ခဲ့ပါတယ်။
#မန်စီးတီး #ဘရိုက်တန် #ပရီးမီးယားလိဂ်