ရှေ့သို့
Image

ရှုံးပွဲဆိုတာ ဘာမှန်းမသိဘဲ ဖိုင်နယ်တက်ဖို့ အခြေအနေကောင်းသွားတဲ့ လေဗာကူဆင်

3:39 AM, 3 May

ရိုးမား ဝ-၂ လေဗာကူဆင် (ပွဲပြီးရလဒ်)

ဝစ်ဇ် ၂၈ မိနစ်

အန်ဒရစ်ချ် ၇၃ မိနစ်


ပွဲချိန်တလျှောက်လုံး ရိုးမားတို့ လေဗာကူဆင်နောက်တန်းကို ထိုးဖောက်နိုင်ရေး အဖြေမရှာနိုင်ခဲ့ဘဲ အိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ တဖက်မှာတော့ အလွန်ဆိုရဲ့အသင်းက ရရှိတဲ့အခွင့်အရေးတွေကို အပိုင်အသုံးချကာ သွင်းဂိုးတွေရယူနိုင်ခဲ့လို့ ယူရိုပါလိဂ်ဗိုလ်လုပွဲဆီ ခြေတစ်ဖက်လှမ်းနိုင်ခဲ့ပါပြီ။ ဒီနေ့ပွဲစဉ်မှာ လေဗာကူဆင်ရဲ့ကစားဟန်က ကျစ်လစ်မှုအပြည့်ရှိခဲ့ပြီး ပြိုင်ဘက်ကို အသာစီးရယူကစားနိုင်ခဲ့ပါတယ်။ ပြင်သစ်မြေမှာကစားတဲ့ နောက်ထပ်ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ မာဆေးလ်နဲ့အတ္တလန္တာတို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

#ရိုးမား #လေဗာကူဆင် #ယူရိုပါလိဂ်