ရှေ့သို့
Image

အံ့အားသင့်စရာတွေဖြစ်လာနိုင်သေးတယ်လို့ ချန်ပီယံဆုနဲ့ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ရိုက်စ်

5:40 PM, 5 May

ဘုန်းမောက်ကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့အနိုင်ရပြီးနောက် အာဆင်နယ်စတား ဒီကလန်ရိုက်စ်က ချန်ပီယံဆုအိပ်မက်နဲ့ပတ်သက်ပြီး ယုံကြည်မှုရှိသေးတယ်လို့ ပြောကြားလိုက်ပါတယ်။

ရိုက်စ်ဟာ အဆိုပါပွဲမှာ ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ထရိုဆက်ရဲ့သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဆာကာက ပထမပိုင်းမှာ ပင်နယ်တီကနေ ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် အာတီတာရဲ့အာဆင်နယ်အသင်းဟာ စီးတီး ၂ ပွဲကန်ဖို့ကျန်နေချိန်မှာ ၄ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

ရိုက်စ်ဟာ အာဆင်နယ်အတွက် လိုအပ်နေတဲ့နောက်ကျအနိုင်သေချာမယ့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်းဟာ ဘုန်းမောက်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီး ထရိုဆက်ရဲ့သွင်းဂိုးကို လှလှပပဖန်တီးပေးနိုင်ခဲ့ပါတယ်။

အခုရလဒ်ကြောင့် အာဆင်နယ်ဟာ စီးတီးကို ၄ မှတ်ဖြတ်ထားနိုင်ပေမယ့် စီးတီးလက်ထဲမှာ ၂ ပွဲကန်ဖို့ ကျန်နေသေးတာဖြစ်ပါတယ်။

ပွဲအပြီးမှာ ရိုက်စ်က “ပထမပိုင်းကို ခင်ဗျားတို့မြင်မှာပါ။ ကျွန်တော်တို့ ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ အရိုးသားဆုံးပြောရရင် ၄ ဂိုး ဒါမှမဟုတ် ၅ ဂိုးလောက်ဖြစ်ခဲ့သင့်တာပါ။ ကျွန်တော်အနည်းငယ်တော့ ဒေါသထွက်မိခဲ့ပါတယ်။

ဒီနေ့မှာ ကျွန်တော် ဂိုးဖန်တီးခွင့်ကော ဂိုးသွင်းခွင့်ပါရမယ်ဆိုတာ သိနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အဲ့လိုသိနေခဲ့တာပါ။ ဘုန်းမောက်ကစားသမားတွေက ခံစစ်ပိတ်ကစားဖို့ ပြင်ဆင်လာခဲ့တာပါ။

ကျွန်တော် ဆက်ပြီးကြိုးစားအားထုတ်ခဲ့ပါတယ်။ ၁ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးနိုင်ခဲ့ပြီး ၃ မှတ်ပြည့်ရခဲ့ပါတယ်။ ကျွန်တော် ဂိုးဖန်တီးပေးရတာကို ကြိုက်ပါတယ်။ အကြောင်းအရာတစ်ချို့ကြောင့် ခံစားချက်ကောင်းတာပါ။

ထိပ်တန်းကစားသမားအားလုံးလည်း ဒီလိုဂိုးဖန်တီးပြီးချိန်ဆို ကောင်းမွန်တဲ့ခံစားချက်ရနေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီနေ့ပွဲရလဒ်အတွက် ကျွန်တော်ဝမ်းသာမိပါတယ်။ ဘုန်းမောက်ကလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့သလို အသင်းကောင်းတစ်သင်းပါ။

သူတို့ကိုကြီးမားတဲ့လေးစားမှုရှိပါတယ်။ ကျွန်တော် ဒီနေ့မှာအနိုင်ကန်နိုင်လိမ့်မယ်ဆိုတာ သိနေခဲ့ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ တစ်ခုခုလုပ်ပြနိုင်လိမ့်မယ်လို့ ခံစားရပါတယ်။ မန်စီးတီးကလည်း သူ့အလုပ်သူလုပ်နေပါတယ်။

သူတို့ပွဲအများစုကိုအနိုင်ကန်ထားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကိုကိုယ်အာရုံစိုက်ရမှာပါ။ ပြီးခဲ့ဲ့တဲ့အပတ်တွေကလည်း အဲ့တာကို လုပ်ခဲ့ပြီးပါပြီ။ တကယ့်မယုံကြည်နိုင်စရာကောင်းတဲ့ ၂၀၂၄ ပါ။

ဒီစံချိန်က တကယ်ကောင်းတဲ့စံချိန်ပါ။ ဘောလုံးမှာက ဘာမဆိုဖြစ်နိုင်ပါတယ်။ အံ့အားသင့်စရာတွေ ထူးဆန်းတာတွေဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ရိုက်စ်ရဲ့စွမ်းဆောင်ရည်ကို အစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့ ဂျိုကိုးလ် နဲ့ မာတီကီယွန်တို့က ချီးကျူးပြောကြားခဲ့ပါတယ်။



#အာဆင်နယ် #ဘုန်းမောက်လ် #ဒီကလန် ရိုက်စ်