ရှေ့သို့
Image

ကိုင်ဟာဗက်ဇ် နဲ့ ရိုက်စ်တို့ဟာ အသင်းရဲ့အဆင့်အတန်းကို တိုးတက်လာစေကြောင်း အာတီတာရှင်းပြ

5:44 PM, 5 May

အာဆင်နယ်နည်းပြ အာတီတာက ကိုင်ဟာဗက်ဇ် နဲ့ ရိုက်စ်တို့ရောက်လာတာက ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အသင်းရဲ့အဆင့်အတန်းတိုးတက်လာကြောင်း အာတီတာက ပြောကြားလိုက်ပါတယ်။

ဘုန်းမောက်ကို ၃ ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်ဟာ အမှတ်ပေးဇယားကို ၄ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ အာတီတာက နွေရာသီခေါ်ယူခဲ့တဲ့ ကိုင် နဲ့ ရိုက်စ်တို့ဟာ အသင်းအပေါ်အများကြီးအကျိုးပြုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ဒီလိုမျိုးငွေကိုအကောင်းဆုံးအသုံးချနိုင်ခဲ့မယ်ဆိုရင် ဒီလိုသက်ရောက်မှုရှိနိုင်ပါတယ်။ ဒီခေါ်ယူမှုတွေအတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ သူတို့က အသင်းကိုအများကြီးအကျိုးပြုပါတယ်။

အသင်းရဲ့အဆင့်အတန်းတင်မဟုတ်ပဲ ကျန်တဲ့ကစားသမားတွေရဲ့အဆင့်အတန်းကိုပဲ မြှင့်တင်ပေးခဲ့ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဒီလိုအဆင့်မျိုး ကျွန်တော်တို့ လိုအပ်နေတာပါ။

ကိုင်က ဒီနေ့မှာ တကယ့်ကိုမယုံကြည်နိုင်စရာကောင်းပါတယ်။ အရိုးသားဆုံးပြောရရင် အရာအားလုံး သူလုပ်ပြနိုင်ခဲ့ပါတယ်။ ချိန်သားကိုက်မှုတွေ ၊ ရွှေ့လျားမှုတွေ ၊ ဘောလုံးကို ဘယ်လိုထိန်းသိမ်းလဲဆိုတာတွေ ၊ ဖိအားတွေတွေ နဲ့ ချိတ်ဆက်ကစားမှုတွေ ၊ ပွဲအပေါ်ဖတ်နိုင်စွမ်းတွေ တကယ်ကောင်းခဲ့ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်ကျန် ၂ ပွဲအလိုမှာ စီးတီးကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး မနှစ်ကထက်ပိုတိုးတက်လာခဲ့တာဖြစ်ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာ အာဆင်နယ်ဟာ အရေးကြီးတဲ့ပွဲအဖြစ် ယူနိုက်တက်နဲ့ အိုးထရက်ဖို့ဒ်မှာကန်ရမှာဖြစ်ပြီး အဲ့နောက် မေလ ၁၉ ရက်နေ့မှာ အဲဗာတန်နဲ့ရာသီပိတ်နောက်ဆုံးပွဲကန်ရမှာဖြစ်ပါတယ်။


#အာတီတာ #အာဆင်နယ် ဟာဗက်ဇ်