ရှေ့သို့
Image

ရွှေလက်အိတ်ဆုရခဲ့တဲ့ ရာယာအတွက် ဝမ်းသာနေတဲ့ အာတီတာ

5:51 PM, 5 May

အာဆင်နယ်နည်းပြ အာတီတာက ဒီရာသီရွှေလက်အိတ်ဆုရခဲ့တဲ့ ဒေးဗစ်ရာယာအတွက် ဝမ်းသာနေပါတယ်။ ဘုန်းမောက်နဲ့နိုင်ပွဲအပြီးမှာ အာတီတာက “ကျွန်တော်အရမ်းကျေနပ်ပါတယ်။ ပွဲအနည်းငယ်ပဲကျန်တော့တဲ့အချိန်မှာ အဲ့တာက အသင်းအတွက် ကြီးမားတဲ့အောင်မြင်မှုပါ။

ဆုဖလားတွေအောင်မြင်မှုရဖို့ ကြီးမားတဲ့ဖောင်ဒေးရှင်းပါ။ ရာယာအပါအဝင်အားလုံးက စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။ အဲ့တာက တကယ်ကောင်းပါတယ်။

ကျွန်တော်တို့ ကစားသမားခေါ်ယူမှုကောင်းတွေသေချာလေးပြုလုပ်နိုင်မယ်ဆိုရင် အဲ့တာကအကျိုးရှိတဲ့နည်းလမ်းပါ။ ဒီလိုခေါ်ယူမှုတွေလုပ်နိုင်ခဲ့လို့လည် ဝမ်းသာမိပါတယ်။

အဲ့တာက အသင်းအတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှုဖြစ်ခဲ့ပါတယ်။ ကစားသမားသစ်တွေက အသင်းရဲ့အဆင့်အတန်းအပြင် ကျန်ကစားသမားတွေရဲ့အဆင့်အတန်းကိုပါ မြှင့်တင်ပေးခဲ့ပါတယ်။

ဒီနေ့မှာ တစ်ဦးချင်းကလည်း စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တယ်ဆိုတာကို မြင်ကြမှာပါ။ ဒီအဆင့်မျိုးလိုချင်တယ်ဆိုရင် ဒီလိုလုပ်ဖို့ လိုအပ်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ လက်ကျန် ၂ ပွဲအဖြစ် ယူနိုက်တက် ၊ အဲဗာတန်တို့နဲ့ ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။


#အာတီတာ #အာဆင်နယ် #ဘုန်းမောက်လ်