ရှေ့သို့
Image

လန်ဒန်ဒါဘီမှာ ဂိုးမိုးရွာပြီး ယူနိုက်တက်ရဲ့အဆင့်၇နေရာကို လုသွားတဲ့ ချဲလ်ဆီး

9:25 PM, 5 May

ချဲလ်ဆီး ၅-၀ ဝက်စ်ဟမ်း (ပွဲပြီးပိုင်းရလဒ်)


တစ်ရာသီလုံး ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ချဲလ်ဆီးကတော့ ရာသီကုန်မှာ ထူးရှယ်ခြေစွမ်းတွေပြနေပြီး ဥရောပဝင်ခွင့်ရဖို့တောင် အနီးစပ်ဆုံးအနေအထားရောက်လာခဲ့ပါတယ်။

အခုနိုင်ပွဲကြောင့် ချဲလ်ဆီးဟာ ဥရောပဝင်ခွင့်တိုက်ပွဲဝင်နေပေမယ့် ရလဒ်မတည်ငြိမ်တဲ့ ယူနိုက်တက်ကို အမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ ကျော်တက်ပြီး အဆင့်၇နေရာကို ရယူသွားခဲ့ပါတယ်။

ပေါင် သန်း၁၃၀တန် ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်မပါတဲ့ပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်း ခြေစွမ်းပြနို်ငပြီး ဂိုးပြတ်နိုင်ပွဲတွေရယူနိုင်တာကတော့ တော်တော်လေးထူးခြားနေခဲ့ပါတယ်။

#ချဲလ်ဆီး #ဝက်စ်ဟမ်း #ပရီးမီးယားလိဂ်