ရှေ့သို့
Image

ဂွါဒီယိုလာက အရမ်းဆိုးတဲ့ မန်နေဂျာတစ်ယောက်တော့မဟုတ်ပါဘူးလို့ ချီးကျူးလိုက်တဲ့

5:54 PM, 5 May

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက ယမန်နေ့ညက ဝုဗ်ကို ဂိုးပြတ်အနိုင်ရပြီးနောက် ပွဲအပြီးမှာ အသင်းနည်းပြ ပက်ဂွါဒီယိုလာနဲ့ အသင်းဖော်ကစားသမားတွေကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ 

နော်ဝေသား ဂိုးသွင်းစက်ဟာ ၅-၁ နဲ့အနိုင်ရခဲ့တဲ့ အဆိုပါဝုဗ်နဲ့ပွဲစဉ်မှာ ပထမပိုင်းအတွင်းရရှိခဲ့တဲ့ ဟက်ထရစ်နဲ့အတူ စုစုပေါင်း ၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဂွါဒီယိုလာအတွက် ပြတ်သားတဲ့အနိုင်ရလဒ်ကို ပုံဖော်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

ယခုပွဲမှာ ၄ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် ဒီရာသီမှာ ဟာလန်းရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးဟာ ၂၅ ဂိုးအထိရှိသွားပြီး ၂ ရာသီဆက် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ မန်စီးတီးကြယ်ပွင့်က အခုလို ခြေစွမ်းကောင်းကို ထိန်းသိမ်းထားနိုင်ခြင်းမှာ အသင်းနည်းပြ ဂွါဒီယိုလာရဲ့ တွန်းအားပေးမှုတွေအပြင် အသင်းဖော်တွေရဲ့ ပံ့ပိုးမှုတွေကြောင့်လည်း ဖြစ်တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။ 

စူပါဟက်ထရစ်ရှင် အသက်-၂၃ နှစ်အရွယ်ကစားသမားက “ကျွန်တော့်မှာ အရမ်းမဆိုးတဲ့နည်းပြရှိပါတယ်။ သူက ကျွန်တော်တို့ကို တွန်းအားတွေတောက်လျှောက်ပေးထားနိုင်တာပါ။ ပြီးတော့ ကျွန်တော့်ပတ်ဝန်းကျင်က ကစားသမားတွေ အရမ်းအရေးပါပါတယ်။ သူတို့မရှိဘဲ ကျွန်တော်ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး။ အခုချိန်မှာတော့ လာမယ့် ဖူလ်ဟမ်နဲ့ပွဲအတွက်ပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ပွဲစဉ်မှာတော့ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ဖူလ်ဟမ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ‌၄ နှစ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အမှားအယွင်းမရှိ အနိုင်ယူသွားဖို့လိုအပ်နေပါတယ်။ 


#မန်စီးတီး #ဝုဗ် #ဂွါဒီယိုလာ